အလုံမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

အလုံ မတ်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်  ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

သင်တန်းကို အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကာတွန်း နေမင်းတို့ပူးပေါင်းကာ ပညာဒါန ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းတွင် သက်တန်းနည်းပြ ကာတွန်း နေမင်းက အခြေခံပန်းချီးရေးဆွဲနည်းကို  အခြေခံမှ စတင်ကာ စာတွေ့၊ လက်တွေ့သင်ကြားပေးသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ   အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၁) ဦးအား  မတ်လ ၈ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ (၂) လကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)