သတင်းများ

ကွန်ဟိန်းမြို့၊ စာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၃၃)ဦးရှိ
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ(၈) ရက်နေ့မှစတင်၍ ဖြေဆိုလျှက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂နာရီက ပြည်စံအောင်စာစစ်ဌာန ရူပဗေဒဘာသာရပ် ဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
ကျောက်တန်းမြို့နယ် ခေတ်မီစံပြကျေးရွာကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Mar 15,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကန်ပြောင်ခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) အသက်မွေးဝမ်းကျောင်းလုပ်ငန်းအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့်ဝန်ထမ်းများမှ (၁၄-၃-၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။ 
ကွမ်းခြံကုန်းမြို့နယ်၊ ဆေးဆိုင်များတွင် (Parbisure)အမည်ဖြင့် ဆေးဝါးရောင်းချနေမှု ရှိ/မရှိ စစ်ဆေး
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ယမန်နေ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၊ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် နောက်ဆုံးနေ့ဖြေဆိုပြီးစီးမည်ဖြစ်
Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ကစတင်၍ အ.ထ.က(မိုင်းခတ်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိရာ ယနေ့တွင်အတွဲ(၁) ဘောဂ‌ဗေဒဘာသာရပ်နှင့်အတွဲ(၇) ဇီဝဗေဒဘာသာရပ်၏‌ နောက်ဆုံးနေ့ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 15,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဥတ္တရသီရိမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံ ပညာအထက်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 15,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။