ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

ငဖဲ မတ် ၁၅

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ စာစစ်ဌာန ၂ ခု တွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၄၉)ဦး စာရင်းပေးသွင်းထားပြီး  အ.ထ.က-ငဖဲ စာစစ်ဌာန၌ ဖြေဆိုသူ(၁၆)ဦး၊ အ.ထ.က-ပဒါန်းစာစစ်ဌာန၌ဖြေဆိုသူ(၃၁)ဦး စုစုပေါင်း ကျောင်းသား/သူ(၄၇)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၉၂)ရာခိုင်နှုန်း၊  ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုရန် ကျောင်းသားကျောင်းသူ (၂၅၇)ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး အ.ထ.က-ငဖဲ စာစစ်ဌာန၌ ဖြေဆိုသူ (၅၄)ဦး၊ အ.ထ.က -ပဒါန်းစာစစ်ဌာန၌ ဖြေဆိုသူ(၁၉၀)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၂၄၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့်  ဖြေဆိုမှုရာခိုင်နှုန်း  ၉၄.၉၄   ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်အေးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများကလုံခြုံရေးအတွက် ပူးပေါင်းစောင့်ကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)