သတင်းများ

ပင်းတယမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ နည်လှည့်ကွင်းဆင်းဆောင်ရွက်
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာအုပ်စု ကျားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆို
Mar 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မိုင်းယောင်း)စာစစ်ဌာန (၁)ခု၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများက ရူပဗေဒဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူနေမှုအဆင့်အတန်းနှင့် အတွေးအခေါ် တိုးတက်မြင့်မားမှသာလျှင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၍ မိမိတို့ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်သာယာမည်
Mar 14,2023
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦးများဖြစ်သည့် လမ်း၊ တံတား၊ ရေ၊ မီး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်သိသိဖြင့် စေတနာရှေ့ထားဆောင်ရွက် ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ တွေ့ဆုံစဉ် ပြောကြားသည်။
ကျောက်တန်းမြို့နယ်၌ ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
Mar 14,2023
ရန်ကုန်ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပဆွေးနွေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ အခြေခံအင်္ဂလိပ်စကားပြော(အခမဲ့)သင်တန်းဖွင့်
Mar 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခြေခံအင်္ဂလိပ်စကားပြော(အခမဲ့) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ပင်လောင်းမြို့နယ်အတွင်း ကျောင်းသား/ သူ စုစုပေါင်း ၇၁၆ ဦး ဖြေဆို
Mar 14,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌  ကျောင်းသား/သူများ ရူပဗေဒဘာသာရပ်ကို ပဥ္စမနေ့အဖြစ် ယနေ့နံနက် ၉ နာရီတွင် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုသူ(၁၇၄ )ဦးရှိ
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက စတင် ဖြေလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိသတ်မှတ် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ဆက်လက်ဖြေဆိုခြင်းကို ယနေ့ နံနက် ၉နာရီ အချိန်က အေးချမ်းစွာဖြေဆိုခဲ့ကြောင်း သိရသည်။