ဥတ္တရသီရိမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ဥတ္တရသီရိ မတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်မတ်လ ၂၇ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ပြည်သူချစ်တဲ့တပ်မတော်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး စီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ပြည်သူ့ အစည်းအဝေး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး  စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)