ကွမ်းခြံကုန်းမြို့နယ်၊ ဆေးဆိုင်များတွင် (Parbisure)အမည်ဖြင့် ဆေးဝါးရောင်းချနေမှု ရှိ/မရှိ စစ်ဆေး

ကွမ်းခြံကုန်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ယမန်နေ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အသိအမှတ်ပြု DRC No မပါရှိသည့် (Parbisure)ဆေးဝါးအား ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချမှု ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုများကို ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အသိအမှတ်ပြု DRC No မပါရှိသည့်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)