ကျောက်တန်း မတ် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကန်ပြောင်ခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) အသက်မွေးဝမ်းကျောင်းလုပ်ငန်းအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့်ဝန်ထမ်းများမှ (၁၄-၃-၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။
အဆိုပါစီမံကိန်းသည်(၂)နှစ်တိတိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ (ပထမအကြိမ်) CP အသားတိုးဝက်မွေးမြူခြင်းအား အသက်မွေးဝမ်းကြောင်းအဖွဲ့(၄)ဖွဲ့မှ အဖွဲ့ဝင်(၂၀)ဦးဖြင့် (အောက်တိုဘာလ)မှ(မတ်လ)အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)အတွက် စီမံကိန်းမှထောက်ပံ့ငွေကျပ်(၃၀၀)သိန်းနှင့်အသက်မွေးကျောင်းအဖွဲ့(၄)ဖွဲ့မှ ထည့်ဝင်ငွေကျပ်(၁၀၀)သိန်း စုစုပေါင်းငွေကျပ်(၄၀၀)သိန်းဖြင့် မွေးမြူခဲ့ရာ (၃-၃-၂၀၂၃)ရက်နေ့တွင် CP အသားတိုးဝက်များ ပြန်လည်ထုတ်ရောင်းခဲ့ရာ စုစုပေါင်းငွေကျပ် (၅၅,၀၆၇,၅၀၀)အား ပြန်လည်ရရှိခဲ့ပါသည်။
CP အသားတိုးဝက်မွေးမြူခြင်းအတွက် အဖွဲ့ဝင်(၂၀)ဦးမှ(၁)ဦးလျှင် ငွေကျပ်(၇၅၀,၀၀၀)ခန့် အကျိုးအမြတ်ရရှိခဲ့ပါသဖြင့် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပြီး မိသားစုဝင်ငွေတိုးပွားလာခဲ့ပါသည်။ ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းအား (၂)နှစ်တိတိဝင်ငွေတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
မြို့နယ်(ပြန်/ဆက်)