မိုင်းခတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၊ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် နောက်ဆုံးနေ့ဖြေဆိုပြီးစီးမည်ဖြစ်

မိုင်းခတ် မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ကစတင်၍ အ.ထ.က(မိုင်းခတ်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိရာ ယနေ့တွင်အတွဲ(၁) ဘောဂ‌ဗေဒဘာသာရပ်နှင့်အတွဲ(၇) ဇီဝဗေဒဘာသာရပ်၏‌ နောက်ဆုံးနေ့ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေး၍ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၁)ဇီဝဗေဒဘာသာရပ်နှင့် အတွဲ(၇)ဘောဂဗေဒဘာသာရပ်အားဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၄၂)ဦး၊ ပျက်ကွက်သူ(၁၄)ဦး၊ လာရောက်ဖြေဆိုသူစုစုပေါင်း(၂၈)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၆၆.၆၇)ရာခိုင်နှုန်း၊ ပျက်ကွက်ရာခိုင်နှုန်း(၃၃.၃၃)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)