ကွန်ဟိန်းမြို့၊ စာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၃၃)ဦးရှိ

ကွန်ဟိန်း မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ(၈) ရက်နေ့မှစတင်၍ ဖြေဆိုလျှက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း စာစစ်ဌာန(၁)ခုရှိပြီး ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ (၃၅)ဦးအနက်မှ  ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းတွင်းဖြေဆိုသူ(၁၁)ဦးနှင့် ပြင်ပဖြေဆိုသူ(၂၂)ဦး စုစုပေါင်း(၃၃)ဦးရှိကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် (၉၄.၂၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)