မိုးညိုမြို့နယ် တော်ပြန်ကျေးရွာသို့ နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုးညို မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက ဇီးပင်အုပ်စု၊ တော်ပြန်ကျေးရွာသို့ နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တော်ပြန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်၊ ဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာသင်တန်းတက်‌ရောက်နေသည့် ကျောင်းသား/ သူများ အသိပညာဗဟုသုတများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန္ဒာလင်းက လူငယ်များအသိပညာတိုးပွားစေရေး ဆောင်ရွက်ပေးနေမှုနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က စာအုပ်စာစောင်များ ငှားရန်း‌ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား/ သူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များပြသခြင်း၊ ကလေးများအားပုံပြောခြင်း၊ စာအုပ်စာစောင်များပြသဖတ်ရှုစေခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း စသည့်အသိပညာပေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ ဆက်)