မင်းလှမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

မင်းလှ မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား" လက်ကမ်းစာစောင်များကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်းတွင် တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများအား   ယမန်နေ့ မွန်းတည့် ၁၂ နာရီချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့်ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲလုံခြုံရေး တာဝန်ယူဆောင်ရွက်နေသော ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာ သရေစည်သူမင်းအောင်လှိုင် ၂၇-၃- ၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်​ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ ကာတွန်းစသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ပေါက်စ (ပြန်/ ဆက်)