သတင်းများ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲ စတင်ဖြေဆို
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို  ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲခင်းကျင်းပြသ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
စဉ့်ကူးမြို့တွင် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အ.ထ.က (စဉ့်ကူး)ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။
မောက်မယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များက ဗဟုသုတများတိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေး၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆို
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ​တေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ ​ရွှေလက်ခုပ်ဘုန်းတော်ကြီး​ကျောင်းနှင့် သာသနာ့ဗိမာန်၊ ​ရွှေဆံ​တော်ရပ်ကွက်၊ ဓမ္မာအလင်္ကာရဘုန်း​တော်ကြီး​ကျောင်းနှင့် ပဏ္ဍိတရာမဘုန်း​တော်ကြီး​ကျောင်းတို့တွင် အစိုးရဓမ္မာစရိယစာ​မေးပွဲ(ပါရာဇိကကဏ္ဍ၊ ပါဠိအဠကထာ ၂ (ဒုတိယနေ့)၌ ရဟန်း၊ သာမ​ဏေ၊ သီလရှင်များမှ ​  ယမန်နေ့မွန်းတည် ၁၂ နာရီမှ ည​နေ ၄ နာရီထိ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
တာချီလိတ်မြို့၌ မုန့်လုပ်ငန်းများ စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ရေးကွင်းဆင်းအသိပညာပေး
Mar 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ထုတ်လုပ်ဖြန်ဖြူးနေသော မုန့်လုပ်ငန်းများအား စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရေးနှင့်အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူတို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသအခေါ် တညင်ပင်မှ တညင်ပန်းများ ဈေးကောင်းရရှိ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ဒေသထွက် တညင်ပန်းများပေါ များစွာထွက်ရှိသဖြင့် မြို့နေပြည်သူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။