တာချီလိတ်မြို့၌ မုန့်လုပ်ငန်းများ စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ရေးကွင်းဆင်းအသိပညာပေး

တာချီလိတ် မတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ထုတ်လုပ်ဖြန်ဖြူးနေသော မုန့်လုပ်ငန်းများအား စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရေးနှင့်အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူတို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် ငါးမုန့်ကြော်လုပ်ငန်းနှင့် TZ bakery လုပ်ငန်းတို့အား စားသောက် ကုန်လုံခြုံစိတ်ချရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ မုန့်ထုတ်လုပ်သော ကုန်ကြမ်းနှင့်လုပ်ငန်းခွင်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေးနှင့် အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးအသိပညာပေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)