ပြည်ကြီးမဏ္ဍိုင် မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ဒေသထွက် တညင်ပန်းများပေါ များစွာထွက်ရှိသဖြင့် မြို့နေပြည်သူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
မတ်လအတွင်း တောများတွင်တညင်ပန်းများ ပေါများစွာ ထွက်ရှိသဖြင့် ပြည်သူများမှ ခူးဆွတ်ရောင်းချလျက်ရှိရာ နို့ဆီဘူးတစ်ဘူးလျှင် (၇၀၀)ကျပ်၊ တစ်ပြည်လျှင်(၅၀၀၀)ကျပ်ထိ ဈေးကောင်းရရှိလျက်ရှိသည်။
အဆိုပါ ဒေသခေါ် တညင်ပင်သည် ပန်းအပြင် အရွက်၊ ပန်း၊ အသီးများအား ဟင်းလျှာတစ်မျိုးအဖြစ် အမျိုးမျိုးပြုလုပ်၍ စားသုံးနိုင်သော အစားအစာ တစ်မျိုးဖြစ်ပြီး အရွက်မှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် အနည်းငယ် ရှားပါးတက်၍ ကျန်သောရာသီများတွင် ပေါများစွာ ထွက်လျက်ရှိသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)