စဉ့်ကူးမြို့တွင် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ

စဉ့်ကူး   မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အ.ထ.က (စဉ့်ကူး)ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါ ဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းအား စဉ့်ကူးမြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်၍ သင်တန်းပို့ချလျက်ရှိသည်။

ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဘာသာရပ်များအလိုက် သင်ကြားပေးနေသော ဆရာ/ဆရာမ သင်တန်းသား၊ သင်တန်းသူ အထက်တန်းဆင့်တွင် (၅၇)ဦး၊ အလယ်တန်းအဆင့်တွင် (၂၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက်မှ မတ်လ ၂၄ ရက်နေ့ထိ ၄ ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)