သတင်းများ

ကျိုင်းတောင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက်၌ ရှမ်းစာပေသင်ကြားခြင်းဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် နွေရာသီကျောင်းပိတ် ရက်၌ မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများက ရှမ်းစာပေသင်ကြားလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများတက်ရောက်
Mar 23,2023
မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကိုမိုးလုံလေလုံ ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်း၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/ သူများ၊အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းစစ်ဆေး
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက် ၉ နာရီက ဆိပ်ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်၌ အခြေခံပညာအထက်တန်းနှင့်အလယ်တန်း ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံရက်တို သင်တန်းဖွင့်လှစ်
Mar 23,2023
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  ပညာရေးဝန်ထမ်းများအား သင်ကြားမှုစွမ်းရည် တိုးတက်မြင့်မားစေရန်ရည်ရွယ်၍
နမ့်စန်တွင် မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ရေး အသိပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ရုံးရှေ့၊ နမ့်စန်-ခိုလန်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့မှ ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။