သတင်းများ

နွေရာသီအားလပ်ချိန်များတွင် စာပေချစ်သူများ တိုးတက်လာရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများထံသို့ စာအုပ်၊ စာစောင် သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် နွေရာသီအားလပ်ရက်များတွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများ ဖြစ်လာ​စေရေးအတွက် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ စာအုပ်၊ စာစောင်များကို ယနေ့နံနက် (၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းရယ်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် နားပန်‌ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်‌ ဆောင်ရွက်သည့် လုံလိုင်းအုပ်စု၊ နားပန်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အော်ဂဲနစ်ခရမ်းညိုသီး စျေးကောင်းရရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ် တိုးချဲ့စိုက်ပျိုး
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုဒေသရှိ  အော်ဂဲနစ်ခရမ်းညိုသီး စျေးကောင်းစိုက်တောင်သူများ စျေးကောင်းရရှိခြင်းကြောင့်
မြို့သစ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2023
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင်  (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ အခြေခံပန်းချီပညာသင်တန်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ ပူးပေါင်း၍ ကုလားပဲသီးနှံ စုပေါင်းရောင်းချပွဲပြုလုပ်
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပ ပြုလုပ်သည့် ကုလားပဲသီးနှံ စုပေါင်းရောင်းချပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ သီးနှံအရည်အသွေးပေါ်မူတည်ပြီး ဈေးကောင်းပေးဝယ်ယူမှုကြောင့် ဒေသခံတောင်သူများ ဝမ်းသာ ပျော်ရွှင်လျက်ရှိနေပြီး
ဝါးခယ်မမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ ဝါးခယ်မမြို့နယ်၊ သီလှချောင်းကျေးရွာနှင့် ကျုံလတာကျေးရွာတို့တွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း‌ရေးမှူး ရဲမှူးဇော်နိုင်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီမှူး ဦးဇော်မိုးနောင်နှင့်အဖွဲ့ဝင်များ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိသူများက ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နွေရာသီ အခြေခံအားကစားနည်း သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေး
Mar 23,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်းများကို မတ် ၂၀ ရက်နေ့မှ စတင်ကာ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။