တွံတေး မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ ရွှေလက်ခုပ်ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့ဗိမာန်၊ ရွှေဆံတော်ရပ်ကွက်၊ ဓမ္မာအလင်္ကာရဘုန်းတော်ကြီးကျောင်းနှင့် ပဏ္ဍိတရာမဘုန်းတော်ကြီးကျောင်းတို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ(ပါရာဇိကကဏ္ဍ၊ ပါဠိအဠကထာ ၂ (ဒုတိယနေ့)၌ ရဟန်း၊ သာမဏေ၊ သီလရှင်များမှ ယမန်နေ့မွန်းတည် ၁၂ နာရီမှ ညနေ ၄ နာရီထိ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုခြင်းဖြင့် သာသနာတော် သုံးရပ်၏ အခြေခံမူလဘူတဖြစ်သော ပရိယတ္တိသာသနာတော်မြတ် သန့်ရှင်းတည်တံ့ပြန်ပွားထွန်းကားရေးကို ရှေးရှု၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ကာ နေလို ၊ လလိုထွန်းလင်းတောက်ပနေစေရန်အတွက် ဆရာတော် ၊ သံဃာတော်များ၊ သီလရှင်များအား သာသနာရေးဆိုင်ရာဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ဆက်ကပ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ ယနေ့အစိုးရဓမ္မာစရိယစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များ စုစုပေါင်း(၃၆၈)ပါးတွင် ယနေ့ပထမနေ့ ပါရာဇိကကဏ္ဍပါဠိအဠကထာ ၂ ၌ ဒုတိယနေ့စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ရဟန်း ၊ သာမဏေ ၊ သီလရှင် စုစုပေါင်း(၃၂၇)ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုရာခိုင်နှုန်းအားဖြင့် (၈၈.၈)ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သံဃာတော်အရှင်သူမြတ်များနှင့်သီလရှင်ဆရာကြီး၊ ဆရာလေးများအား အချိုရည်များဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တွံတေးသား