မြစ်သားမြို့နယ်တွင် ကြက်သွန်နီများအထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ

မြစ်သား မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကြက်သွန်နီပွဲရုံများသို့ ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်နီကုန်ဝင်များလျက်ရှိပြီး စျေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများက ကြက်သွန်နီများကို မိသားစုဝင်ငွေရရှိရေးအတွက် အဓိက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ထွက်ရှိသောကြက်သွန်နီများကို မြစ်သားကြက်သွန်ပွဲရုံများသို့ နေ့စဥ်တင်ပို့ရောင်း ချပြီးကုန်ချိန်(၁၀၀၀၀)အထက်ဝင်ရောက်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။ မြစ်သားကြက်သွန်ပွဲရုံများက ရန်ကုန်ဘုရင်နောင်ကြက်သွန်ပွဲရုံများသို့ နေ့စဥ်စျေးနှုန်းအပေါ်မူတည်ပြီး ရောင်းဝယ်ပြုလုပ်နေကြောင်း၊ လက်ရှိ ကြက်သွန်နီစျေးနှုန်းမှာ အမြင့်ဆုံးစျေးတစ်ပိဿာ(၁၂၀၀ိ/)ဖြင့် ဝယ်ယူလျက်ရှိပြီး ကြက်သွန်နီများကို မြစ်သားမြို့နယ်မှ မူဆယ်မြို့သို့ တင်ပို့ရောင်းချသလို မြဝတီနှင့်အခြားသော မြို့နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ နေ့စဥ်ကုန်ချိန် (၉၀၀၀)နှင့်(၁၀၀၀၀)ပိဿာကျော် တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးတောင်သူများမှ လက်ရှိစျေးဖြင့် အဆင်ပြေမှုရှိအောင် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ကြက်သွန်စျေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဒေသခံတောင်သူများနှင့်ကြက်သွန်ပွဲရုံပိုင်ရှင် ဦးသိန်းနိုင်အေးထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)