ချီဖွေ မတ် ၂၃
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကိုကိုအောင်၊ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ)နှင့် ခရိုင်တာဝန်ခံအင်ဂျင်နီယာ ဦးမုန်းရှငွေ၊ ဦးစီးအရာရှိ (နည်းပညာ) တို့သည် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ချီဖွေမြို့နယ်၊ မဂေါင်ကျေးရွာ အုပ်စု၊ မြန်ယွမ်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ (၃၇.၆၂၅) ကျပ်သန်းဖြင့် Banmaw Brother ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့သည့် စိမ့်စမ်းရေသွယ်ယူခြင်း (၂”) PVC ပိုက်(၂/၀) မိုင် သွယ်တန်းခြင်း၊ ဂါလံ (၅၀၀၀) ဆံ့ရေကန် (၁၅’x ၁၀’ x ၆’) နှင့် ရေတား တမံ (၂၅’x ၃’ x ၅’) တည်ဆောင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများအား ရေသွယ်ယူသုံးစွဲရာတွင် စနစ်တကျသုံးစွဲ သွားရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် ခရိုင်တာဝန်ခံ အင်ဂျင်နီယာတို့သည် ဘန်လီကျေးရွာအုပ်စု၊ ဘန်လီကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် Covid-19 ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းမှုကို ကုစားနိုင်ရေးအစီအစဉ် (CERP) လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ Cash For Work လုပ်ငန်းကော်မတီဝင်များမှ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုင်ကယ်သွားလမ်း (၃၇၀၀’x ၆’) လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ခရိုင်ဦးစီးမှူးနှင့် ခရိုင်တာဝန်ခံအင်ဂျင်နီယာတို့သည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် လျာထား အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘန်လီကျေးရွာတွင် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းအား Feasibility Survey တိုင်းတာခြင်းနှင့် ရေဝေကန် ဆောင်ရွက်မည့် လုပ်ငန်းနေရာအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
ယော်ကိ