ကျိုက်မရော မတ် ၁၂
နွေရာသီ ကျောင်းပိတ်ရက်ရှည် ပိတ်ရက်များအတွင်း ကျောင်းသား၊ကျောင်းသူ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ဦးနှောက်ညဏ် ဖွံဖြိုးပြီး စိတ်ဓတ် အတွေးအခေါ်များ မြင့်မားလာစေရန်နှင့်လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံစစ်တုရင်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုဝင်းက စစ်တုရင်အားကစားနည်း ကစားခြင်း၏ အကျို းကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိူမြတ်မြတ်ထွေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စစ်တုရင်သင်တန်းတွင် သင်တန်းနည်းပြဆရာအဖြစ် ဦးအေးကိုနှင့် ဦးခွန်ရဲတို့က အခြေခံစစ်တုရင် ကစားနည်းများကို မတ်လ ၁၁ရက် မှ ၂၅ရက်နေ့အထိ အခမဲ့သင်ကြားပေး သွားမည်ဖြစ်ပြီးသင်တန်းသို့အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်း သူ (၁၀) ဦး တို့ တက်ရောက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)