လွိုင်ကော် မတ်လ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီး ကျောင်းများ၌ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် ဆန်၊ ဆီ၊ ဆား နှင့် ကုလားပဲများ လှူဒါန်း လျက်ရှိသည်။
ထို့သို့ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ဖရူဆိုမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစိုးလှိုင်ဝင်းနှင့် ဝန်ထမ်းများက ဖရူဆိုမြို့နယ် ငွေတော်ရွာသစ်ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊သံဃာများအတွက်ဆွမ်ဆန်တော် ဆီ၊ဆားနှင့်ကုလားပဲများကို သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဆွမ်းဆန်တော် အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)