ပုဗ္ဗသီရိ မတ် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရီမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာရှိ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ထေရ်အရှင်မြတ်ကြီးအား ထပ်ဆင့်ဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ကျင်းပခဲ့သည်။
အခမ်းအနားသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ထေရ်အရှင်မြတ်ကြီးအမှူးပြုသည့် ပင့်သံဃာတော်များ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၃) ဦးမြင့်စိုးနှင့် ဇနီး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် အဖွဲ့များ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့်အဖွဲ့များတက် ရောက်ခဲ့ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တအာဒိစ္စဝံသထေရ်အရှင်မြတ်ကြီးအားပူဇော်၍လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူတန်းကာ ရေစက်သွန်းချအမျှဝေခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
သန္တာလင်း(ပြန်/ဆက်)