ပုသိမ် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီးး ပုသိမ်မြို့အား Clean City ဖြစ်လာစေရေးအတွက် အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားစွန့်ပစ်သည့်စနစ် စတင်ဆောင် ရွက်လျက်ရှိရာ အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားမှု မှန်ကန်စေရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီအမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့်စနစ် စတင်ဆောင်ရွက်လျက်ရှိရာ ရှေ့ပြေးစီမံချက် (Pilot Project)ဧရိယာအဖြစ် ပုသိမ်မြို့ မဟာဗန္ဓုလလမ်းမကြီးတလျောက်အား သတ်မှတ်ပြီး အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားသိမ်းဆည်း ပေးမှုအား အမှိုက်သိမ်းယာဉ် (၂)စီးဖြင့် နေ့စဉ် နံနက် ၆နာရီမှစတင်၍ဆောင်ရွက်ပေးနေမှုအခြေအနေအား ယနေ့ နံနက်တွင် ပုသိမ်မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးပိုင်၊ အမှုဆောင်အရာရှိ ဦးကျော်စိုး၊ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်တို့မှ ကွင်းဆင်းစစ်ဆေး၍ အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားမှု မှန်ကန်စေရေးအတွက် ပြည်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ဟန်