သတင်းများ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် ဖြေဆို
Mar 11,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ပေါင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online  အမှတ်စဉ် ၁/၂၀၂၃  သင်တန်းနောက်ဆုံးနေ့ပို့ချ
Mar 11,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online အမှတ်စဉ် ၁/၂၀၂၃ သင်တန်းနောက်ဆုံးနေ့ပို့ချနေမှုကို ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Mar 11,2023
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ကျင်းပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
နွေရာသီကျောင်းပိတ်ရက်၌ လူငယ်များဖွံဖြိုးတိုးတက်စေရန်အတွက် အခြေခံအင်္ဂလိပ်စာသဒ္ဓါ (Basic Grammar and Composition) သင်တန်းအားဖွင့်လှစ်မည်
Mar 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကျောင်းသားလူငယ်များမှ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်၊ သင်တန်းများ(အခမဲ့) တက်ရောက်သင်ကြားနိုင်စေရန်နှင့် လူငယ်များဖွံဖြိုးတိုး တက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာနွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များ အကျိုးပြုစေမည့် သင်တန်းများအား စဥ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Mar 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)နှင့် (Youth Club) အဖွဲ့ဝင်တို့ ပူးပေါင်း၍စာရေးဆရာ နတ်သျှင်(ရွှေဂူ )ရေးသားသော လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘားအံခရိုင်ရုံး Community Centre တွင် ပဉ္စမအကြိမ် နွေရာသီ အခြေခံပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်း ဒုတိယနေ့ဆက်လက်သင်ကြား
Mar 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းချီပညာရှင်များနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံပန်းချီ၏ သဘောသဘာဝများကို သိရှိစေရန်နှင့် အင်္ဂလိပ်စာ Grammar အခြေခံကို နားလည်သိရှိစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် နွေရာသီပန်းချီ အခြေခံ သင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်း ဒုတိယနေ့ကို ယမန်နေ့ နံနက် (၉)နာရီခန့်က ဆက်လက် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးမှ တစ်ဧကလျှင်စပါးတင်း (၁၂၀)ကျော် ထွက်ရှိသည့် GW-11 စပါးမျိုးအား စိုက်ပျိုးရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 11,2023
ပုဗ္ဗသီရိ​မြို့နယ်၊ ဘဲကုန်းအုပ်စုကွင်းအမှတ် (၁၆၂၃-က) သို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးဦးလှမိုးမှ တစ်ဧကလျှင်စပါးတင်း ( ၁၂၀) ကျော် ထွက်ရှိသည့် GW-11 စပါးမျိုးအား စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး​ခြင်းကို ယ​မန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် ဖြေဆို
Mar 10,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။