စဉ့်ကူး မတ် ၁၅
စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုပြီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားဖြည့်အချိုရည်နှင့် အာဟာရပြည့်မုန့်များ ပေးဝေခြင်းကို ယနေ့နေ့လယ် (၁၂) နာရီက စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အားဖြည့် အချိုရည်နှင့် အာဟာရပြည့်မုန့်များ ပေးဝေခဲ့သည်။
ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်အား အ.ထ.က (စဉ့်ကူး) စာစစ်ဌာမှ ဖြေဆိုသူ ကျောင်းသား (၆၄) ဦးနှင့် ကျောင်းသူ (၁၀၀)ဦး စုစုပေါင်း (၁၆၄) ဦး၊ အထက(ရွှေပြည်) စာစစ်ဌာမှ ဖြေဆိုသူ ကျောင်းသား (၄၇) ဦးနှင့် ကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၃၆) ဦး၊ စာစစ်ဌာန(၂)ခုမှ စုစုပေါင်း ဖြေဆိုသူ ကျောင်းသား (၁၁၁) ဦးနှင့် ကျောင်းသူ (၁၈၉)ဦး စုစုပေါင်း (၃၀၀)ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၇၄) ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)