သတင်းများ

ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Certre)ခန်းမတွင် မတ်လ(၁၅)ရက်နေ့၌ (Book Club)အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း ၏ "လှပချင်ရင်ရုပ်ကိုလည်း ပြင်စိတ်လည်းပြင်ပါ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ် လွမ်းစေတီဘုရားကြီးကျောင်းတိုက်တွင် ပဉ္စမအကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေး
Mar 15,2023
မျိုးဆက်သစ်လူငယ်များ အနာဂတ်သားကောင်းရတနာလေးများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ရန်ကုန်တိုင်းဒေကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ လွမ်းစေတီဘုရားကြီးကျောင်းတိုက်ကြီးတွင် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုနှစ်တွင်လည်း ပဥ္စမအကြိမ်မြောက်အဖြစ်နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ(၁၀)ရက်နေ့မှစတင်၍ အဆိုပါကျောင်းတိုက်ကြီး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အာဟာရဒါန အခမဲ့ကျွေးမွေးရေးအဖွဲ့တို့အတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်
ကျောက်မဲမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၆)ရက်မြောက်နေ့ကို အေးချမ်းစွာဖြေဆို
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှစတင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အ.ထ.က (၁)ကျောက်မဲစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ခရမ်းချဉ်သီးစိုက်ပျိုးရောင်းချသူများ ရောင်းအားကောင်း၍ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေ
Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် အဓိကထားလုပ်ကိုင်ကြပြီး ဆိုက်ခေါင်ကျေးရွာ၊ နမ့်ခုတ်ချောင်းဘေးတွင် ခရမ်းချဉ်သီး စိုက်ပျိုးရောင်းချသူများ ရောင်းအားကောင်း၍ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။     
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ကျောင်သား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က) စာစစ်ဌာနတို့တွင် ဆက်လက်ဖြေဆိုကျင်းပရာ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၃၃၆ ဦး အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သံဖြူဇရပ်မြို့နယ် Community Center ခန်းမ၌ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်
Mar 15,2023
မွန်ပြည်နယ်​၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပပြုလုပ်သည်။