ထန်းတပင်မြို့နယ် လွမ်းစေတီဘုရားကြီးကျောင်းတိုက်တွင် ပဉ္စမအကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေး

ထန်းတပင်(ရန်ကုန်) မတ် ၁၅

မျိုးဆက်သစ်လူငယ်များ အနာဂတ်သားကောင်းရတနာလေးများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ရန်ကုန်တိုင်းဒေကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ လွမ်းစေတီဘုရားကြီးကျောင်းတိုက်ကြီးတွင် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုနှစ်တွင်လည်း ပဥ္စမအကြိမ်မြောက်အဖြစ်နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ(၁၀)ရက်နေ့မှစတင်၍ အဆိုပါကျောင်းတိုက်ကြီး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို လွမ်းစေတီဘုရားကြီးကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသမှကြီးမှူး၍ မတ်လ(၁၀)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခြေခံအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၄)ဦး၊ မူလတန်းအဆင့် သင်တန်းသို့ကျောင်းသား၊ ကျောင်းသူ(၂၄)ဦးနှင့် အလယ်တန်းအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး စုစုပေါင်း (၆၈)ဦးတို့ တက်ရောက်လျက်ရှိ ကြောင်းလည်း သိရသည်။

အဆိုပါသင်တန်းတွင် တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ယဉ်ကျေးလိမ္မာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ အခြေခံအဘိဓမ္မာဘာသာရပ်နှင့်ထိုင်းဘာသာစကားများကို လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိသလို စေတနာရှင် အလှူရှင်များကလည်း သင်တန်းတွင် တက်ရောက်လျက်ရှိသည့်ကျောင်းသား၊ ကျောင်းသူများ အတွက် အဟာရဒါနများကို လာရောက်လှူဒါန်းပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)