ကျောက်မဲ မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှစတင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အ.ထ.က (၁)ကျောက်မဲစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အထက(၁) စာစစ်ဌာနတွင် ဘာသာတွဲ(၁)တွင် စာရင်းရှိ(၁၀၄)ဦး၊ ဖြေဆို(၈၅)ဦး၊ ပျက်ကွက်(၁၉)ဦး၊ ဘာသာတွဲ(၇)တွင် စာရင်းရှိ(၁၀၃)ဦး၊ ဖြေဆို(၉၇)ဦး၊ ပျက်ကွက်(၆)ဦး၊ ဘာသာတွဲ(၂)တွင် စာရင်းရှိ(၅)ဦး၊ ဖြေဆို(၄)ဦး၊ ပျက်ကွက်(၁)ဦးရှိရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၂၁၂)ဦးအနက် (၁၈၆)ဦးဝင်ရောက်ဖြေဆိုလျက်ရှိပြီးဖြေဆိုရန်ပျက်ကွက်သူ စုစုပေါင်း(၂၆)ဦး ရှိကြောင်းသိရသည်။
အဆိုပါ အ.ထ.က(၁) ကျောက်မဲစာစစ်ဌာနတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များနှင့် မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
မိုင်းထွန်း(ပြန်/ဆက်)၀၉၉၆၄၇၃၀၆၅၁