ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပုံပါကျင် မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Certre)ခန်းမတွင် မတ်လ(၁၅)ရက်နေ့၌ (Book Club)အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း ၏ "လှပချင်ရင်ရုပ်ကိုလည်း ပြင်စိတ်လည်းပြင်ပါ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃‌ ဒေါ်မြမြအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး(Book Club)အသင်းဝင်ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းကဦးဆောင်၍စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ "လှပချင်ရင်ရုပ်ကိုလည်း ပြင်စိတ်လည်းပြင်ပါ" စာအုပ်ထဲမှလှပချင်ရုပ်ကိုလည်းပြင်စိတ်လည်းပြင်ပါ ခေါင်းစဉ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်အတူ အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့်(Book Club)အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ရှင်းလင်း‌ဆွေး‌နွေးခဲ့ကြောင်းသိရသည်။

သော်တာ (ပြန်/ဆက်)