သံဖြူဇရပ်မြို့နယ် Community Center ခန်းမ၌ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်

သံဖြူဇရပ် မတ် ၁၅

မွန်ပြည်နယ်​၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီ ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆက်လက်၍ ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရာ ခေါင်းအုံးရွက်ပြိုင်ပွဲ၊ ကြိုးသီပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲများအား ရင်သွေးငယ်(၂၅)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)