မိုင်းငေါ့မြို့၌ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး (Talk Show) ကျင်းပ

မိုင်းငေါ့ မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ (TalkShow) တွင် မြို့နယ်ဦးစီးမှူး ဒေါ် မြင့်မြင့်သွယ်က လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ယခုလိုဆွေးနွေးပွဲ (Talk Show) များပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး ယနေ့လူငယ်များသည် အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သွားလာကြဖို့ရန်၊ ကိုယ်ဝါသနာပါရာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုးကို စွဲပြီးလုပ်ရင်လည်းအကျိုးရှိကြောင်း  ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းမွန်ဖို့ အဓိကလိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့က စိတ်ကျန်းမာဖို့ခွန်အားရှိတဲ့ စာပေတွေကိုရှာဖွေဖတ်ရှုဖို့ လိုအပ်ကြောင်း၊ ခန္ဓာကိုယ်ကြီးလှုပ်ရှားနိုင်ဖို့ အစာအာဟာရ ဖြည့်တင်ဖို့လိုအပ်သလို၊ ဦးနှောက်ဖွံ့ဖြိုးဖို့ စာကောင်းပေမွန်တွေကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းကြောင့် အသိပညာဗဟုသုတ တိုးပွားနိုင်စေပြီး စိတ်ကျန်းမာရေးအတွက် စာဖတ်ခြင်းဟာ ဓါတ်စာပင်ဖြစ်ကြောင်း‌ စသည့်ဖြင့် အသိပညာပေး ဖဆွေးနွေးခဲ့ကြပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် ပုံပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စက္ကူရုပ်ခေါက်ခြင်း၊‌‌ ဆေးရောင်ခြယ်သခြင်း၊ပြိုင်ပွဲများ ပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) စသည့်အသိပညာ အစီအစဉ်များကို စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်( မိုင်းငေါ့ ပြန်/ဆက်)