ငပလီ​မြို့၌ လူငယ်​ရေး​ရာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ငပလီ မတ် ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရှောင်ရှားနိုင်​ရေး အသိပညာပေး ဟောပြောပွဲကို ယ​နေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ငပလီမြို့ ပြန်​ကြား​ရေးနှင့်​​ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်မြင့်မြင့်အေး က ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် မူးယစ်ဆေးဝါးအန္တရယ် ကာကွယ်ရှောင်ရှားနိုင်​ရေးများကို သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က Community Centre  ခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ လူငယ်များအသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီ မြို့နယ်ဦးစီးမှူးက​ ကျောင်းသားလူငယ်များ လမ်းမှားမရောက်​စေရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ မ​ဖြစ်​စေ​ရေး တို့ကိုပြောကြားသည်။

အဆိုပါ​​ကျောင်းသားလူငယ်များက နံရံကပ်စာ​စောင်နှင့် ခင်းကျင်း​ပြသထား​သော စာအုပ်စာစောင်များကို​ စိတ်ဝင်တစား​ လေ့လာကြည့်ရှုခဲ့​ကြကြာင်း သိရသည်။

ငပလီ(ပြန်/ဆက်)