ကရသူရိမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား (၅) ကြိမ်မြောက် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကရသူရိ မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား (၅)ကြိမ်မြောက် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးခြင်းကို ကျေးလက်ကျန်းမာရေးဌာနခွဲ တာဝန်ခံသားဖွားဆရာမ ဒေါ်စုနန္ဒာထက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတို့ပူးပေါင်းပြီး စတုတ္ထအကြိမ်ထိုးနှံ ပြီးစီးသည့် ဝန်ထမ်းများအား ပဉ္စမအကြိမ်‌မြောက် Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းဖြစ်ရာ အဆိုပါကာကွယ်ဆေးကို ဆေးတစ်ပုလျှင် လူ(၅)ဦးထိုးနှံနိုင်ပြီး မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

ကရသူရိပြန်/ဆက်