ကော့သောင်းမြို့တွင် သမဝါယမ အသင်းများမှ ပြည်ပပို့ကုန်များအား လျာထားချက်ပြည့်မီ ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိ
Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ ပြည်ပပို့ကုန်လုပ်ငန်းအား ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ဌာနကြီးကြပ်မှုဖြင့် ပြည်ပပို့ကုန်လုပ်ငန်း ကို၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သိမ်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၊ အောင်ကျော်ဇေ ရေထွက်ပစ္စည်းနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်နှင့် အောင်ကျော်မင်း ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အသင်း(၃)သင်းတို့မှ တင်ပို့ လုပ်ကိုင်ခဲ့ကြသည်။