တပ်ကုန်းမြို့၌ ကာယဉာဏစွမ်းရည်မြင့်မားရေးပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း မတ်လ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ  ကလေးငယ်များ ဖိတ်ခေါ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါဦးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က  ကလေးငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကျန်းမာ​ပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြည်သူ့စာကြည့် တိုက်သို့ ဖိတ်ခေါ်ပြီး ပြိုင်ပွဲ၊ ပြပွဲ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ခွက်စီပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက  ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများသို့ တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကလေးငယ်(၃၅)ဦး တက်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်