သာပေါင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မီးငြှိမ်းသတ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

သာပေါင်း မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ရုံးဝန်းရှေ့၌ ပြုလုပ်ကြသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မီးငြှိမ်းသတ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို သာပေါင်းမြို့နယ် မီးသတ်စခန်းမှ တပ်ကြပ် ကြီး သန့်ဇော်မြင့်၊ တပ်ကြပ် မြတ်မင်းစိုးနှင့် တပ်ဖွဲ့ဝင်တို့က ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကာ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးမိန်းခုံများ၊ မီးသတ်ဆေးဘူးထားရှိမှု စသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိမှု၊ သွယ်တန်းတပ်ဆင် ထားရှိသော လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှု၊ လျှပ်စစ်ပစ္စည်များအား လိုက်လံစစ်ဆေး ကြပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံ၊ ဆီမီးလောင်မှုအား ရေစိုဝတ်ဖြင့် လက်တွေ့ဖုံးအုပ် ငြှိမ်းသတ်ပုံတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့် ဝန်ထမ်းတို့က လက်တွေ့အသုံးပြု မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်