မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အကြောင်း အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်

မက်မန်း မတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်နေ့အကြောင်း အသိပညာပေး Talk Show ရိုက်ကူးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ရိုက်ကူးခဲ့သည်။

ထိုသို့ ရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တပ်မတော်၏ အခန်းကဏ္ဍပါဝင်ဆောင်ရွက်မှုအကြောင်း၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ အောင်ဆန်းသူရိယဘွဲ့ရရှိသူများ အကြောင်းများကို ဆွေးနွေးခဲ့သည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးဝင်ခိုင်(ဦးစီးအရာရှိ)က တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်မှု၊ သူ့ကျွန်ဘဝတွင်တပ်မတော်အနေဖြင့် နိုင်ငံတော်လွတ်လပ်ရေးရရှိရန် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများနှင့် ယနေ့မြန်မာတပ်မတော်၏ အမျိုးသားရေးတာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) အား မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက် Page နှင့် We love page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)