ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နွေစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရွှေတောင် မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ကြပ်ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများအား ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေတောင် ဆည်ရေဖြင့်နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးရာတွင် နွားမယံကျေးရွာအုပ်စု နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ကြို့ကုန်းကျေးရွာအုပ်စု နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ကြာနီကန်ရပ်ကွက် နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ မင်းကွန်းကျေးရွာအုပ်စု နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၂ - ၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးလျာထားဧက (၁၁၉၅) ဧကလျာထားခဲ့ပြီး၊ လျာထားဧကထက် (၁၅၆၃) ဧကအထိစိုက်ပျိုးပြီးစီးမှု အခြေအနေများအပေါ် ခရိုင်စိုက်/ကြပ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်စိုက်/ကြပ်ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်/ကြပ်ကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက လိုက်ပါစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း