ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ပြန်လည်ထောက်ပံ့

နောင်တရား မတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယာယီနေရပ်စွန့်ခွာပြည်သူများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြည်လည်ထောက်ပံ့သည်။

နောင်တရားမြို့ ရတနာရန်နိုင်စေတီတော်၌ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူ(၄၃၄)ဦး၊ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူ(၆၀)ဦးတို့၏ အခြေခံစားသောက်ကုန်များ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ အခြေခံစားသောက်ကုန်နှင့် အခြားလူသုံးကုန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်တို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ပြန်လည်ထောက်ပံ့သည်။

ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်၊ သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပြင် အခြေခံလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် လူမူရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)