တိုက်ကြီးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်လှစ်

တိုက်ကြီး     မတ်     ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်လမ်းညွှန်မှာကြားချက်အရ (အသား/ ငါးကဏ္ဍတွင် ငါးမွေးမြူရေးမှ ဝင်ငွေများစွာရရှိနိုင်ရန်၊ ငါးမွေးသူနှင့် ငါးမွေးလိုသူများအား နည်းပညာအကူအညီပေးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာ အခြေခံပညာအထက်‌တန်းကျောင်းခွဲတွင် ယမန်နေ့နံနက် ၉ နာရီက ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို ဖွင့်လှစ်ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးညွန့်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ တိုက်ကြီးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက ငါးမွေးမြူရေးနည်းပညာများနှင့်ပတ်သက်၍ ဘာသာရပ်အလိုက်ဆွေး‌နွေးပို့ချသည်။

အဆိုပါငါးမွေးမြူရေးနည်းပညာပေးသင်တန်းတွင် ပျဉ်းမကုန်းကျေးရွာမှ ငါးမွေးသူတောင်သူ(၃၂)ဦးတို့တက်ရောက်ပြီး သင်တန်းတွင် ငါးမွေးမြူရေးနှင့်ပတ်သက်သော နည်းပညာပေးဘာသာရပ်ဆိုင်ရာစာအုပ်များကို အခမဲ့ဖြန့်ဝေပေးအပ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)