သဲကုန်း မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ထန်ပင်မှော်ကျေးရွာအုပ်စု၊ ဘွေ့မှော်ရွာတွင် လေဘေးသင့်အိမ်ထောင်စုတစ်စုအား ယမန်နေ့က ကယ်ဆယ်ရေးထောက်ပံ့ငွေများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မတ်လ ၂၁ ရက်နေ့က လေဆင်နှာမောင်း(သေး)တိုက်ခတ်မှုကြောင့် ထန်းပင်မှော်ကျေးရွာအုပ်စု၊ ဘွေ့မှော်ကျေးရွာနေဦးအောင်မြင့်၏ (၃)ပင်နေအိမ်တစ်လုံးပျက်စီးခဲ့ရာ အဆိုပါအိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် ကယ်ဆယ်ရေးငွေကျပ်(၅၆၃၀၀)ကျပ်ကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဇေယျာထက်ဦးနှင့်အဖွဲ့မှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်