ရွာငံမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲကျင်းပ
Apr 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များနှင့်သင်္ကြန်ပြည်သူများတက်ရောက်၍ မြန်မာသက္ကရာဇ် ၁၃၈၄ -ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁၂ ရက် ၊သင်္ကြန်အတက်နေ့ ညနေ ၄ နာရီက မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။