ရေတာရှည် ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆)ရက်နေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ညနေပိုင်းတွင် သင်္ကြန်တေးသီချင်းများ ယိမ်းအကများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ၍ သာကူကျိုစတုဒိသာများဧည့်ခံကျွေးမွေးကာ အေးချမ်းပျော်ရွှင်စွာ ရေကစားကြပြီး ညနေ ၅:၃၀ နာရီအချိန်တွင် ဗဟိုမဏ္ဍပ်ပိတ်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ယိမ်းအကပြိုင်ပွဲ၌ ဆုရရှိသည့် ယိမ်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့်ယိမ်းအဖွဲ့များက မြနန္ဒာသီချင်းဖြင့် ကပြဖျော်ဖြေ၍ ဗဟိုမဏ္ဍပ်အားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)