ရွာငံ ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များနှင့်သင်္ကြန်ပြည်သူများတက်ရောက်၍ မြန်မာသက္ကရာဇ် ၁၃၈၄ -ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁၂ ရက် ၊သင်္ကြန်အတက်နေ့ ညနေ ၄ နာရီက မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန်မဏ္ဍပ်ပိတ်ပွဲအားနှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားပြီး အမှတ်ပေးဒိုင်အဖွဲ့များ၊ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သူများအား အမှတ်တရပစ္စည်း ပေးအပ်ခဲ့သည်။ ဆက်လက်၍ ယိမ်းအကအဖွဲ့ ပြိုင်ပွဲဆုရရှိသူများအားဖွင့်ဖောက်ကြေ ညာကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရ ယိမ်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်ယိမ်းအဖွဲ့များအား ဌာနဆိုင်ရာ အကြီး အကဲများက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး မဟာသင်္ကြန်မဏ္ဍပ်ကို မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပိတ်သိမ်းခဲ့ကြသည်။ ထို့နောက် မဟာသင်္ကြန်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များက အတာရေစင်ပတ်ဖျန်းကာ လမ်းလျောက် သင်္ကြန်ပွဲတော်အား ပျော်ပျော်ပါးပါး ရေကစားခဲ့ကြသည်။ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတက်နေ့များတွင်လည်း ယိမ်းအဖွဲ့များက ကပြယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာအကများ၊ ဝါသနာရှင်အဆို၊ အကများ၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)