ဒလမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ

ဒလ   ဧပြီ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃)ခုနှစ် မြန်မာ့ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ဗဟိုရေကစား မဏ္ဍပ်ပိတ်ပွဲကို ယမန်​နေ့ ညနေ ၅နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

 အဆိုပါ ဗဟိုရေကစားမဏ္ဍပ်ပိတ်ပွဲတွင်  ဒလမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းအောင်၊ မြို့နယ်လုံခြုံ​​ရေးတပ်ဖွဲ့မှူး ဗိုလ်မှူး အောင်စည်ဖြိုး၊ မြို့နယ်မှူး ရဲမှူးစိုးဝင်းနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး  ယိမ်းအကအဖွဲ့များအား ဆုတော်ငွေများ ချီးမြှင့်ခဲ့ကြသည်။

ထို့နောက်  မြန်မာ့ရိုးရာမဟာသင်္ကြန်တွင်  ယိမ်းအဖွဲ့များနှင့် ခေတ်ပေါ်တေးသီချင်းများ၊ DJ Music တေးသီချင်းများ ဖျော်ဖြေကြပြီး  ဗဟိုရေကစားမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်းဖြင့် တေးသံရှင်များက သီဆို၍ ယိမ်းအဖွဲ့များ ကပါဝင်ကပြကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)