သတင်းများ

ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ကို ဗဟိုမဏ္ဍပ်၌ပျော်ရွင်စွာဆင်နွဲပြီး ဗဟိုမဏ္ဍပ်အား စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်း
Apr 17,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အတက်နေ့)ကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီးဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့်  မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကိုပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲပြီး ဗဟိုမဏ္ဍပ်ကို ညနေ (၅)နာရီတွင် စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်းသိရသည်။
တောင်ငူမြို့၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ
Apr 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။
တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအကျင်းပ
Apr 17,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ အခမ်းအနားကျင်းပ
Apr 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယမန်နေ့ညနေ ၄ နာရီအချိန်က မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၃၆)ရှိ မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ ပိတ်သိမ်း
Apr 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ ပိတ်သိမ်းပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်‌ကျော် မုံရွာမြို့၌ ကျင်းပပြုလုပ်သည့် ၁၃၈၄-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပြိုင်ပွဲများတွင်  ဆုရရှိသူများအားဆုချီးမြှင့်ပွဲနှင့် သင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနား တက်‌ရောက်
Apr 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ် သည့် ကန်သာယာကန်ဝန်းကျင်ရှိ ဗဟိုမဏ္ဍပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနမဏ္ဍပ် များတွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုရှင်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် မြို့နေပြည်သူများ ပျော်ရွှင်စွာရေကစားနေမှုများအား ကြည့်ရှုအားပေးကာ စတုဒီသာကျွေးမွေးနေမှုမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှု အားပေးကြပြီး ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် တပင်တိုင်အဆိုအကပြိုင်ပွဲနှင့် အဖွဲ့လိုက်ယိမ်းအကအဖွဲ့ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
တိုက်ကြီးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ဘူတာရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးမြဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့​ကြသည်။
သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲကျင်းပ
Apr 17,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက သာစည်မြို့စည်ပင်သာယာပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးရှိ   ရွှေသာစည်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည်။