မောက်မယ် ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ(၆၆)ဦးအား နှစ်သစ်ကူးသက်ကြီးပူဇော် ကန်တော့ပွဲအခမ်းအနားကို နှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့နံနက်၇နာရီက သီရိမင်္ဂလာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က နှစ်သစ်ကူးသက်ကြီးပူဇော်ကန်တော့ပွဲနှင့်ပတ်သက်၍ ရှင်းလင်းလျောက်ထားပြောကြားပြီး သက်ကြီးပူဇော်ကန်တော့ပွဲသို့ မြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(၆၆)ဦးအနက် (၁၀)ဦးသာ တက်ရောက်နိုင်ခဲ့ရာ မတက်ရောက်နိုင်သော ဘိုးဘွားများအား အိမ်တိုင်ရာရောက်သွား ရောက်ကန်တော့ကြမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များတို့က တက်ရောက်လာသော ဘိုးဘွားများအား အဟာရစတုဒီသာများကျွေးမွေးပြုစု၍ ဘိုးဘွားတစ်ဦးလျင် ဝတ္ထုငွေကျပ်သုံးသောင်းခွဲနှုန်းဖြင့် ကန်တော့ကြပြီးနောက် အဘိုးအဘွားများ၏ကိုယ်စား အဘိုးဦးအိန္တိက နှစ်သစ်ဆုတောင်းစကားပြန်လည်ဟောကြားပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)