သံဖြူဇရပ်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် ဧပြီ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ယမန်နေ့ည ၆ နာရီခွဲအချိန်တွင် ကျောင်းပိုင်းရပ်ကွက်၊ ဗိုလ်နေဝင်းလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ၁၃၈၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သံဖြူဇရပ်တပ်နယ်မှူးဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်္ကြန်ကာလအတွင်း ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များအား ဆုငွေများချီးမြှင့်ပြီးဗိုလ်မှူးချုပ်ထွန်းနိုင်ဦးမှ မန်းတောင်ရိပ်ခို တေးသီချင်းအား သီဆိုဖျော်ဖြေကာယိမ်းအဖွဲ့များမှကပြဖျော်ဖြေခဲ့၍ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)