မင်းဘူး ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ည ၆ နာရီအချိန်က မင်းဘူးမြို့မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၁၃၈၄-၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဧည့်ခံဖျော်ဖြေရေးယိမ်းအဖွဲ့များက သင်္ကြန်ကာလအတွင်း နေ့စဉ်ဧည့်ခံကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ဒေသခံပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင် ဆင်နွှဲခဲ့ကြ သည်။
ယိမ်းအကပြိုင်ပွဲတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအကပြိုင်ပွဲဝင် သမီးပျိုလေးများမှ တစ်ပင်တိုင် အကအလှများနှင့် ပြိုင်ပွဲဝင် အသင်းပေါင်း (၈)ဖွဲဖြင့် အသင်းလိုက် ယှဉ်ပြိုင်ခြင်းများကို ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ ညများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆုရရှိသောပြိုင်ပွဲဝင်ယိမ်းအဖွဲ့များကို မဟာသင်္ကြန်ရေသဘင် ပွဲတော် ပိတ်ပွဲအခမ်းအနားတွင် တာဝန်ရှိသူများက ဖွင့်ဖောက်ကြေညာခဲ့ပြီးနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများ၊ တစ်ကိုယ်တော် တစ်ပင်တိုင်အက သင်္ကြန်မယ်သရဖူဆုများနှင့် ဖျော်ဖြေရေးအဖွဲ့များကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်းများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)